Motiv Inc
ဖတ်ရတာကြိုက်တယ် နှစ်သက်တယ်ဆိုရင် ADS Clickပြီး Support ပေးပါ
ကျွန်ုပ်၏ Data များကို ရောင်းမစားပါနှင့် ကျွန်ုပ်၏ Data အတော်များများသည် နိုင်ငံခြား Website များမှ ဝယ်ယူ/မန်ဘာဝင်ထားသော Data များဖြစ်ရာ လူကြီးမင်းတို့အနေဖြင့် အလန်းတကအလန်းများ ဝယ်ယူဖို့ ကူညီထောက်ပံ့ပေးလိုလျှင် VPN ချိတ်ပါ ကြော်ငြာများကို Click ပေးပါ။
■ ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များ၊ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်မရနိုင်သည့် ယာဉ်များနှင့် သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအစား EV ယာဉ်များ အစားထိုးလဲလှယ် ပေးမည်ဟု စီးပွားကူးသန်း ထုတ်ပြန် ■ နှစ် ၂၀ သက်တမ်းရှိ ယာဉ်အိုယာဉ်ဟောင်းများကို ပယ်ဖျက်ခြင်းမဟုတ်ကြောင်း သိရ ■ နှစ် ၂၀ အထက်မော်တော်ယာဉ်များကို ပယ်ဖျက်၍ EV တင်သွင်းမည်ဆိုပါက အနည်းဆုံးဒေါ်လာ လေးဘီလျံခန့် လိုအပ်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေလိုအပ်ချက်အရ လက်တွေ့တွင် မဖြစ်နိုင် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များ၊ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်မရနိုင်သည့် ယာဉ်များနှင့် သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအစား EV ယာဉ်များဖြင့် အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၂၈ ရက်တွင် ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုးလျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့သည့်ခုနှစ် ကြာမြင့်ပြီး အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်ခြင်း၊ ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်မှပိုမိုထွက်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များ၊ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်၍မရနိုင်သည့် ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအား အပ်နှံယာဉ်၏ တန်ဖိုးနှင့်အညီ လျှပ်စစ်သုံးယာဉ် (EV) ယာဉ်များအား အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယာဉ်အို/ယာဉ်ဟောင်းအပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ) တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သော လျှပ်စစ်သုံးယာဉ် (EV) တစ်စီးအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်၍ အစားထိုးတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ကျသင့်မည့် နိုင်ငံခြားငွေများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှစ် ၂၀ သက်တမ်းရှိ မော်တော်ယာဉ်များ၊ လမ်းများပေါ်တွင် အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ခြင်းမရှိသည့်ယာဉ်များ၊သက်တမ်း နှစ် ၂၀ မကျော်သော်လည်း မိမိမော်တော်ယာဉ်ကို အပ်နှံကာ EV ယာဉ်အတွက် တစ်ဦးချင်းတင်သွင်းလိုသည့် ယာဉ်ပိုင်ရှင်များအတွက် ဆောင်ရွက်ပေးမည့်အခြေအနေဖြစ်ပြီး ယခင်က သတ်မှတ်ထားသည့် ယာဉ်အိုယာဉ်ဟောင်းမူဝါဒမှာ မူလအတိုင်းသာရှိနေသည်ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူအချို့ထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်အထက် မော်တော်ယာဉ်များမှာ တစ်သိန်းကျော် နှစ်သိန်းနီးပါးခန့်ရှိနိုင်ပြီး ယင်းမော်တော်ယာဉ်များ အားမဖြစ်မနေ ပယ်ဖျက်၍ EV ယာဉ်များ အစားထိုးတင်သွင်းရမည်ဆိုပါကEV ယာဉ်တစ်စီးလျှင် အနည်းဆုံး ဒေါ်လာ နှစ်သောင်းခန့်ဖြင့် တွက်ပါက ဒေါ်လာ လေးဘီလျံ ခန့်အနည်းဆုံးလိုအပ်မည်ဖြစ်ရာ နိုင်ငံခြားငွေလိုအပ်ချက်အရ ယင်းမှာ လက်တွေ့တွင် မဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုနှင့် ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် မူဝါဒမှာ လက်ရှိအချိန်အထိ ပြောင်းလဲမှုမရှိသေးကြောင်းလည်း သိရသည်။ ■ ■
ADVERTISEMENT
ကြော်ငြာတွေ ကလစ်ပေးသွား
နေ့စဉ် ကြော်ငြာကလစ် များလျှင်
ရှားပါးရုပ်ပြစာအုပ်များကို ဒေါ်လာဖြင့်
များများဝယ်နိုင်ပါသည်။
ကြော်ငြာများကို ကလစ်ပေးပါ။
XARTOONZMM © 2019-2023 ဘာသာပြန် ပါရဂူကြီး

